Wednesday, March 12, 2008

အတွေးစများ

ဟိုတနေ့ကပျင်းပျင်းရှိတာနဲ့ စာအုပ်တအုပ်ဆွဲဖတ်မိတယ်...ကြည့်လိုက်တော့ နာမည်ကျော်ဆရာတော်တပါးရဲ့ " အရှုပ်ထဲမှာရှင်းအောင်နေ" ဆိုတဲ့ စာအုပ်ဖြစ်နေတယ်...ဆရာတော်ကိုတော့ကြည်ညိုပါတယ်...ဒါပေမဲ့ မေးခွန်းတွေအများကြီး စိတ်ထဲမှာပေါ်လာတယ်...ပထမဆုံးအချက်ကတော့ ဘာသာစကားကိစ္စပဲ...တရားနာ ပရိတ်သတ်က ဗမာ..တရားဟောဆရာတော်ကဗမာ...တရားတော်တွေက ပါဠိ..ဒါပေမဲ့ ဆရာတော်က ဘာဖြစ်လို့ အင်္ဂလိပ် လိုတွေ ကြားညှပ်ဟောထားလဲဆိုတာ မရှင်းဘူးဖြစ်နေမိတယ်...အင်္ဂလိပ် လိုတတ်ကြောင်းပြချင်တာမဟုတ်ဘူးလို့တော့ ယူဆပါတယ်..သိသူများ ဖြေပေးကြပါဦး...ဒုတိယအချက်ကတော့ အနှစ်သာရပိုင်းနဲ့ဆိုင်တယ်..အရှုပ်ထဲမှာရှင်းအောင်နေ ဆိုတာ ထေရ၀ါဒရဲ့ အယူအဆမဟုတ်ဘဲ လောကီရေးရာသာဖြစ်တယ် လိွု့ကျွန်တော်ထင်ပါတယ်...အရှုပ်ထဲမှာရှင်းအောင်နေဖို့အတွက်က တရားစာအုပ် မဖတ်ဘဲ Dale Carnegie ရဲ့ How to Stop Worrying and Start Living(သောက ကင်းဝေးနေနိုင်ရေး) စာအုပ်ဖတ်ရင်လဲရပါတယ်...ထေရ၀ါဒ ရဲ့ အနှစ်သာရဖြစ်တဲ့ နီဗ္ဗာန်ရောက်ကြောင်း ကနေတော့ မသွေဖယ်သင့်ဘူးလို့ ထင်ပါတယ်....
နောက်တချက်ကတော့ ဘုန်းကြီးဘွဲ့တွေရဲ့ နောက်မှာ BA, B Sc, MA, PhD တို့ ဒေါက်တာ အရှင်---- ဆိုပြီးတပ်တာတွေ ဟာဖြစ်သင့်ပါသလား...ပကာသနတွေ ဂုဏ်တုဂုဏ်ပြိုင်တွေပါ...ရှိပါသေးတယ်...ဆရာတော် တပါးက ကိုးဘွဲ့ရ ဆိုပြီးအမည်တွင်နေပါတယ်...ဒါနဲ့ နာမည်ကြီးဂျာနယ်တစောင်က အဲဒီ့ဆရာတော်ကို အင်တာဗျူးပြီး..." ဆရာတော်က ဘွဲ့တံဆိပ်ပေါင်း ၁၀ ခု ၁၁ ခုလောက် ရထားရဲ့သားနဲ့ ကိုးဘွဲ့ရ ဆိုပြီး ဘာလို့ အမည်တွင်တာပါလဲဘုရား " လို့မေးတော့....ဆရာတော်ရဲ့အဖြေက အံ့သြ မှတ်သားစရာပါ..." ကိုးဘွဲ့ရ ဆိုပြီးအမည်ပေးထားတာ ဘာကြောင့်မှမဟုတ်ပါဘူး LOGO လေးအနေနဲ့ပါ...ဘွဲ့တွေဘယ်လောက်ရရ ကိုးဘွဲ့ရ ဆိုပြီးပဲထားမှာပါ..." တဲ့...ဘုန်းကြီး ဘွဲ့ တောင်LOGO ဖြစ်ရတယ်လို့ဗျာ...အမှားပါရင်တော့ ခွင့်လွှတ်ကြပါ...ဘာသာရေးကိုစော်ကားခြင်း လုံးဝမဟုတ်ပါခင်ဗျာ....

1 comment:

စိုးထက် - Soe Htet ! said...

အခုခေတ်လူတွေက လောကီရေးကို လောကုတ္တရာ ထက် ဦးစားပေးနေတော့ နားလည် လွယ်အောင် လောကီက စဟောတာ ဖြစ်ပါလိမ့်မယ် ... ဈေးကွက် သဘော အရ လဲ ပါပါလိမ့်မယ် ... တောင်းဆိုမှု များတော့ ရှိလာ ရတာပေါ့ ... တစ်ချို့ ပရိတ်သတ်က ဆရာတော် က အင်တာနက်သုံးပြီး အိပ်ဆောင် ကွန်ပြူတာနဲ့ ဟောတာ ဆိုပြီး အထင် ကြီးပြီး လိုက်နာယူ နေကြတာ တွေရောပေါ့ ... အင်္ဂလိပ်စကားက အကျင့်ပါနေတာလည်း ဖြစ်ကောင်း ဖြစ်ပါလိမ့်မယ် ...

အော်စီ မှာတော့ ဓမ္မသုခ ဆရာတော် တရားပွဲ မှာ မြန်မာ က ဆရာတော်နဲ့ ကပ္ပိယ ပဲ ရှိတာ ဆိုတော့ အင်္ဂလိပ်လို ပီပီပြင်ပြင် ဟောရပါတယ် ... သာသနာ ပြုတာ ဆိုတော့လေ ...

တစ်ခြား ဘာသာရပ်တွေတော့ မသိဘူး ... ဗုဒ္ဓ စာပေနဲ့ ပါတ်သက်ပြီး တစိခြားနိုင်ငံ တွေက ပေးတဲ့ PhD က မြန်မာနိုင်ငံမှာ ပထမကြီး တန်း အဆင့် လောက်တောင် မရှိပါဘူး ... ဘာသာ စကား ပို အားစိုက်ရတာပဲ ရှိပါတယ် ....

တပ်လိုက်ရင် ပိုပြီး ဂုဏ်ငယ်သွားတယ်လို့ ခံစားရပါတယ် ... လယ်တီ ဆရာတော်ကြီးတောင် ရှေးပဝေသဏီ က ရတဲ့ သူ့ D.Lit ဘွဲ့ကို ထုတ်တပ်ပြီး သုံးစွဲတော်မူခြင်း မရှိပါဘူး ...

ပြီးတော့ ဆရာတော်တွေ အနေနဲ့ ပရိယတ် ပဋိပတ် နှစ်ဘက်မျှ သွားရင် လိုဂို ကိစ္စ စဉ်းစားမိတော့မှာ မဟုတ်ဖူးလို့ ထင်မြင် ယူဆပါတယ် ...

လူဝတ်ကြီးနဲ့ ရေးရတာ ဒေါသများ သင့်မလားပဲ :)

... ဗုဒ္ဓ သာသနံ စိရံ တိဋ္ဌတု ...