Saturday, May 24, 2008
USS Essex ဦးဆောင်တဲ့ ကမ်းတက်ချေမှုန်းရေးအသင့်ရေယာဉ်စု မြန်မာ့ရေပြင် အနီးဆက်ရှိနေတာဘာသဘောလည်း...
Constitution
Hillary Cliton is almost defeated by Obama in Democratic presidential marathon. Union of Myanmar Constitution is almost adopted though the results from 47 disaster hit townships are yet to be declared. So we will see the change in our country. But we are not sure whether it will be good for our country. However SPDC will be definitely gone after 2010 elections and we will see the first ever parliament in our life time. One important thing is that 1-year detention for Daw Su Kyi is completed this midnight. I hope Myanmar Generals will release her just before donor conference. She has casted her ballot this morning at her house. Can u imagine what she would say in the vote? YES or NO? Nargis victims are still longing for help.
Wednesday, March 12, 2008
အတွေးစများ
ဟိုတနေ့ကပျင်းပျင်းရှိတာနဲ့ စာအုပ်တအုပ်ဆွဲဖတ်မိတယ်...ကြည့်လိုက်တော့ နာမည်ကျော်ဆရာတော်တပါးရဲ့ " အရှုပ်ထဲမှာရှင်းအောင်နေ" ဆိုတဲ့ စာအုပ်ဖြစ်နေတယ်...ဆရာတော်ကိုတော့ကြည်ညိုပါတယ်...ဒါပေမဲ့ မေးခွန်းတွေအများကြီး စိတ်ထဲမှာပေါ်လာတယ်...ပထမဆုံးအချက်ကတော့ ဘာသာစကားကိစ္စပဲ...တရားနာ ပရိတ်သတ်က ဗမာ..တရားဟောဆရာတော်ကဗမာ...တရားတော်တွေက ပါဠိ..ဒါပေမဲ့ ဆရာတော်က ဘာဖြစ်လို့ အင်္ဂလိပ် လိုတွေ ကြားညှပ်ဟောထားလဲဆိုတာ မရှင်းဘူးဖြစ်နေမိတယ်...အင်္ဂလိပ် လိုတတ်ကြောင်းပြချင်တာမဟုတ်ဘူးလို့တော့ ယူဆပါတယ်..သိသူများ ဖြေပေးကြပါဦး...ဒုတိယအချက်ကတော့ အနှစ်သာရပိုင်းနဲ့ဆိုင်တယ်..အရှုပ်ထဲမှာရှင်းအောင်နေ ဆိုတာ ထေရ၀ါဒရဲ့ အယူအဆမဟုတ်ဘဲ လောကီရေးရာသာဖြစ်တယ် လိွု့ကျွန်တော်ထင်ပါတယ်...အရှုပ်ထဲမှာရှင်းအောင်နေဖို့အတွက်က တရားစာအုပ် မဖတ်ဘဲ Dale Carnegie ရဲ့ How to Stop Worrying and Start Living(သောက ကင်းဝေးနေနိုင်ရေး) စာအုပ်ဖတ်ရင်လဲရပါတယ်...ထေရ၀ါဒ ရဲ့ အနှစ်သာရဖြစ်တဲ့ နီဗ္ဗာန်ရောက်ကြောင်း ကနေတော့ မသွေဖယ်သင့်ဘူးလို့ ထင်ပါတယ်....
နောက်တချက်ကတော့ ဘုန်းကြီးဘွဲ့တွေရဲ့ နောက်မှာ BA, B Sc, MA, PhD တို့ ဒေါက်တာ အရှင်---- ဆိုပြီးတပ်တာတွေ ဟာဖြစ်သင့်ပါသလား...ပကာသနတွေ ဂုဏ်တုဂုဏ်ပြိုင်တွေပါ...ရှိပါသေးတယ်...ဆရာတော် တပါးက ကိုးဘွဲ့ရ ဆိုပြီးအမည်တွင်နေပါတယ်...ဒါနဲ့ နာမည်ကြီးဂျာနယ်တစောင်က အဲဒီ့ဆရာတော်ကို အင်တာဗျူးပြီး..." ဆရာတော်က ဘွဲ့တံဆိပ်ပေါင်း ၁၀ ခု ၁၁ ခုလောက် ရထားရဲ့သားနဲ့ ကိုးဘွဲ့ရ ဆိုပြီး ဘာလို့ အမည်တွင်တာပါလဲဘုရား " လို့မေးတော့....ဆရာတော်ရဲ့အဖြေက အံ့သြ မှတ်သားစရာပါ..." ကိုးဘွဲ့ရ ဆိုပြီးအမည်ပေးထားတာ ဘာကြောင့်မှမဟုတ်ပါဘူး LOGO လေးအနေနဲ့ပါ...ဘွဲ့တွေဘယ်လောက်ရရ ကိုးဘွဲ့ရ ဆိုပြီးပဲထားမှာပါ..." တဲ့...ဘုန်းကြီး ဘွဲ့ တောင်LOGO ဖြစ်ရတယ်လို့ဗျာ...အမှားပါရင်တော့ ခွင့်လွှတ်ကြပါ...ဘာသာရေးကိုစော်ကားခြင်း လုံးဝမဟုတ်ပါခင်ဗျာ....
Monday, March 3, 2008
သြော်......၁၅ ရက်လောက် လောကကြီးနဲ့ အဆက်ပြတ်သွားတာ ကမ္ဘာပေါ်မှာ Kosovo ဆိုတဲ့ နိုင်ငံ တစ်ခု အသစ်ပေါ်နေပါရောလား..US မှာလဲ Obama က အခြေအနေ ကောင်းလို့...Cuba မှာတော့ သက်တော်ရှည် သမ္မတကြီး Castro သွားရှာပြီ..Pakistan မှာလည်း Musharaf ကအခြေအနေမကောင်း..Russia မှာတော့ Putin လည်း သန်ဘက်ကာဆို ပြုတ်ပြီ...ရေနံက ၁၀၀ $ ကျော်....မန္တလေးမှာ Sky Walk ကြီးကပြာကျ......ကမ္ဘာကြီးကအတော်ပြောင်းလဲနေပြီပဲ.....ကိုယ် ကိုယ်တိုင်လဲ အသက်တစ်နှစ် ကြီးသွားပြီလေ....
Sunday, February 10, 2008
Revenge...........
"...တိုက်ပွဲညံဆဲ၊ သံခဲသံဆူး၊
ယမ်းဘီလူးတို့၊ ဟူးဟူးဟုန်းဟုန်း၊
ဝုန်းခနဲလျှင်၊ ငလျင်ပမာ
သိမ့်သိမ့်ခါဘိ၊ ကြမ္မာဆိုးနှောက်၊
မိုးသို့မြှောက်၍၊ အောက်သို့ကိုင်ရိုက်၊
မြေသို့စိုက်ကျ၊ နာကျင်လှရှင့်၊
ဖြစ်သဖြင့်ကြောင့် အသားနှင့်အရိုး၊
ပိုင်းပိုင်းကျိုးကြေ၊ သွေးတွေဖြိုင်ဖြိုင်
မထိန်းနိုင်သော်၊ ယိုင်လဲကွဲပြို
ရဲဘော်ငိုရှင့်၊ သူ့ကိုပွေ့ကာ
ပြုစုပါလည်း၊ နာရှာလူးလှိမ့်၊
တလိမ့်လိမ့်တည့်၊ ဖြေသိမ့်မပိုင်
စိတ်မခိုင်တော့၊ ဆုပ်ကိုင်လက်နက်၊
တက်ခေါက်ထွက်၊ လက်စားချေရန်၊
အဓိဋ္ဌာန်လျှင်၊ မာန်တပွက်ဆဲ၊
အို…ကြေကွဲစွ…"
အချိန်စောကြွေလွင့်ကာတိုင်းပြည်အတွက်အသက်စွန့်လှုခဲ့သော သူငယ်ချင်းများဖြစ်သည့် မျိုးမင်းချစ်၊ မင်းသန့် နဲ့ ပြည့်စုံစိုး တို့ကိုရည်ရွယ်ပါတယ်...
Saturday, February 9, 2008
နိုင်ငံရေးသမားပုံပြင်
ကျွန်ခေတ် (၁၈၄၂- ၁၉၄၈)
ချစ်ခဲ့ကြသည်….
တစ်ယောက်လည်ဖက်၊ လည်ချင်းယှက်၍
အသက်ပေးအပ်၊ မွဲတေငတ်လည်း
သတိမှတ်ရန်သူ၊ ရှေ့တူရှုသို့
သွေးဆူဓါးချွတ်၊ မာန်ဟုန်လွှတ်၍
လွတ်လပ်ရေးတွက်ချီတက်စဉ်။
လွတ်လပ်ရေးခေတ် (၁၉၄၈- ယနေ့အထိ)
မုန်းကြပြန်သည်….
တစ်ယောက်လည်ပင်း၊ တစ်ယောက်နင်း၍
ချင်းချင်းခုန်အုပ်၊ ဓားဖြင့်ခုတ်လျက်
မင်းလုပ်ရကြောင်း၊ မာန်ချောင်းချောင်းဖြင့်
သွေးချောင်းစီးဖြာ၊ ရက်စက်လာသည်
အာဏာရေးတွက် လုယက်စဉ်။
တစ်ကမ္ဘာလုံး မေတ္တာပန်းများဝေသောအခါ…………
လကာင်္ပန်းကုံး၊ သစ်သစ်ထုံးလော့
အားလုံးဖြန့်ဝေ၊ ပန်းမိုးစွေလျက်
တိမ်ခြေတိမ်လှိုင်း၊ ပန်းခက်ဆိုင်းဦး
သင်တိုင်းဝတ်ရုံ၊ မြေကိုခြုံ၍
ရောင်စုံသက်တန့်၊ ကွန်ယက်ဖြန့်သို့
ခံ့ညားလူ့ဘုံ၊ လှမျိုးပုံမည်။
တူရိယာစုံ၊ မြည်ကြွကုန်လျက်
ကြားတုံမငြီး၊ သီဆိုတီးကြ
မြစ်ကြီးလှိုင်းထ၊ ပင်လယ်ထ၍
တောင်က ကခုန်၊ စည်းချက်တှုံမျှ
အဟုန်ပြင်းစွာ၊ ၀မ်းပန်းသာစို့။
သလေးစပါး၊ မုယောများနှင့်
ပျားရည်တင်လဲ၊ သကာကဲလျက်
စိုင်ခဲဆီဦး၊ ထောပတ်လူး၍
ထူးထူးရိက္ခာ၊ ပေါကြွယ်စွာတည့်
ချမ်းသာစည်းစိမ်၊ မွန်ရိပ်ငြိမ်သို့။
ကျေးငှက်သာရက၊ ရှစ်မျက်နှာမှ
ပျံလာမစဲ၊ တသဲသဲနှင့်
ဝဲကာရင့်ကြွေး၊ ချိုမြတေးလျင်
သည်းအေးဆွတ်ပျံ့၊ ရိုးချင်နှံတည့်
နူးညံသာယာ၊ စကြ၀ဠာတွင်
ကြည်ရွှင်ရင်ဖို၊ လူတို့ကြိုလိမ့်။
တိရစ္ဆာန်များ၊ ဘေးမဲ့ထား၍
ထောင်အားဟင်းဟင်း၊ တားဆီးကင်းကာ
မုန်းခြင်းစစ်မီး၊ ပြာကျပြီးသော်
ချစ်ကြီးချစ်ကြ၊ သမယမူ
တစ်အူတုံဆင်း၊ တစ်ဝမ်းတွင်းမှ
မောင်ရင်းနှမ၊ ဆွေမျိုးမျှတည်း။
ကပ်ကြီးသုံးပါး၊ လွင့်စင်သွားလျက်
ရန်များကင်းငြိမ်း၊ မြူမလိမ်းတော့
ခပ်သိမ်းလူ့ခွင်၊ အေးကြည်လင်ကာ
ချစ်ခင်နှစ်လို့၊ မေတ္တာညှို့တည့်
မိုးသို့ထိမျှ၊ တေးဓမ္မလျင်
ချိုမြသံထင်၊ ရိုက်ခတ်လွင်လိမ့်။
ထိုကာလကား……
ခံစားရခြင်း၊ ငါ့ရင်တွင်းဝယ်
ပြင်းပြင်းပြပြ၊ မြမြမောင်းမောင်း
သောင်းသောင်းသိမ့်သိမ့်၊ ငြိမ် ငြိမ့် ငြိုးငြိုး
မျိုးမျိုးမြင့်မြင့်၊ ၀င့်ဝင့်ဝါ၀ါ
လှုပ်ရှားလာလျက်၊ မျက်ရည်စက်လျင်
လျှံထွက်ပေါက်ပေါက်…
ဝမ်းမြောက်ဝမ်းသာ သွန်အံ့တည်း။
Revenge.........
"...တိုက်ပွဲညံဆဲ၊ သံခဲသံဆူး၊
ယမ်းဘီလူးတို့၊ ဟူးဟူးဟုန်းဟုန်း၊
ဝုန်းခနဲလျှင်၊ ငလျင်ပမာ
သိမ့်သိမ့်ခါဘိ၊ ကြမ္မာဆိုးနှောက်၊
မိုးသို့မြှောက်၍၊ အောက်သို့ကိုင်ရိုက်၊
မြေသို့စိုက်ကျ၊ နာကျင်လှရှင့်၊
ဖြစ်သဖြင့်ကြောင့် အသားနှင့်အရိုး၊
ပိုင်းပိုင်းကျိုးကြေ၊ သွေးတွေဖြိုင်ဖြိုင်
မထိန်းနိုင်သော်၊ ယိုင်လဲကွဲပြို
ရဲဘော်ငိုရှင့်၊ သူ့ကိုပွေ့ကာ
ပြုစုပါလည်း၊ နာရှာလူးလှိမ့်၊
တလိမ့်လိမ့်တည့်၊ ဖြေသိမ့်မပိုင်
စိတ်မခိုင်တော့၊ ဆုပ်ကိုင်လက်နက်၊
တက်ခေါက်ထွက်၊ လက်စားချေရန်၊
အဓိဋ္ဌာန်လျှင်၊ မာန်တပွက်ဆဲ၊
အို…ကြေကွဲစွ…"
အချိန်စောကြွေလွင့်ကာအသက်စွန့်လှုခဲ့သော သူငယ်ချင်းများဖြစ်သည့် မျိုးမင်းချစ်၊ မင်းသန့် နဲ့ ပြည့်စုံစိုး တို့ကိုရည်ရွယ်ပါတယ်...
Friday, February 8, 2008
ပေါက်စီ နဲ့ Mc Donald ဖိုက်တင်ပွဲ.............
တရုတ်က အမေရိကန်ကို တော်တော်လေး အန္တရာယ်ပေးနိုင်နေပီ ...ဒါကတော့ အိမ်ဖြူဖြူကြီးက လူတွေရဲ့ လက်သုံးစကားလေ...ဖြစ်ပုံက ဒီလိုဗျ..တရုတ်ကသူ့မှာ နိုင်ငံခြားအရန်ငွေ(Foreign Exchange Reserve) ဒေါ်လာ ၁.၅ ထရီလီယံ (၁ ထရီလီယံက ၁ နောက်မှာ သုည ၁၂ လုံး ) ရှိတယ်...ဒီအထိကထားလိုက်ဦး ဘာပြသနာမှ မရှိသေးဘူး..ဒါပေမဲ့ ပေါက်ဖော်ကြီးတို့ အကွက်မြင်ပုံများကတော့ အဲဒီ့ Foreign Exchange Reserve တွေထပ်မံတိုးပွါး အောင်ဆိုပြီး Foreign Exchange Reserve ထဲက ဒေါ်လာ ဘီလီယံ ၂၀၀ ကို အရင်းပြုပြီး CIC ဆိုတဲ့ ကုမ္ပဏီ ကိုထူထောင်သတဲ့...ကိုပေါက်ဖော်တို့က ဒီတင်မရပ်သေးဘူးဗျား..အမေရိကန် stock ဈေးကွက်ထဲက Blackstone Group LP တို့ Morgan Stanley တို့လို ကုမ္ပဏီတွေမှာ CIC ကရှယ်ယာတွေ ၀ယ်ပါလေရော....ကိုယန်ကီးတို့ခင်မျာ ဆွေ့ဆွေ့ကိုခုန်လို့...နဂိုကတည်းကိုက ပေါက်ဖော်ကြီးနဲ့ဈေးရောင်း ဈေးဝယ်မှာ အမေရိကန်က ဒေါ်လာ ၂၈၀ ဘီလီယံရှုံးနေတာ....ဒီကြားထဲ Made in China ပေါချောင် မကောင်းတွေကြောင့် ကိုရွှေအမေရိကန်တို့ ဒုက္ခတွေရောက်....ဒီလို weather မ fine ပါဘူးဆိုမှ CIC က Foreign Exchange Reserve တွေလှိုင်လှိုင်သုံးပြီးဝင်လာတော့ တို့ယန်ကီးကြီး ဒေါသထွက်လိုက်တာများ ပြောမနေနဲ့တော့...ပေါက်စီ နဲ့ Mc Donald ဖိုက်တင်ပွဲက တော့ ၀မ်ချိုင်း နဲ့ ရွှေဓူဝံ ပွဲထက်ကြည့်ကောင်းမယ်ဗျို့..
P.S
ပေါက်စီ နဲ့ Mc Donald ဖိုက်တင်ပွဲတွေဆက်တင်ပြပါဦးမယ်
Wednesday, February 6, 2008
William Slim ရဲ့ ဉပမာ
ဒုတိယကမ္ဘာစစ်အတွင်း အင်ဖာတိုက်ပွဲပြီးတော့ ဗြိတိသျှ အမှတ် ၁၄ တပ်တော်က မြန်မာနိုင်ငံကို ပြန်ထိုးစစ် ဆင်တယ်..အမှတ် ၁၄ တပ်တော် အောက်က အမှတ် ၄ တပ်မကြီးဟာ ချင်းတွင်းမြစ်ကိုဖြတ်ပြီး ဧရာဝတီမြစ်ဆီ ချီတက်နေတယ်.ဒီတပ်တွေကို ဘယ်လို ထောက်ပံ့ပေးရမလဲ ဆိုတာဟာ အမှတ် ၁၄ တပ်တော်မှူး ဗိုလ်ချုပ်ကြီး William Slim အတွက် ခေါင်းခဲစရာပေါ့ .ကားလမ်းကမကောင်း .လေယာဉ်ကမလောက် .တပ်တွေ က စစ်ပန်း နယ်မြေကကြမ်း...ဒါနဲ့ ကြံရာမရတဲ့အဆုံး ဗိုလ်ချုပ်ကြီး William Slim ကသူ့ရဲ့ အင်ဂျင်နီယာတပ်မှူးကို ခေါ်လိုက်တယ် ပြီးတော့...ခင်ဗျားကိုကျွန်တော်တာဝန်ပေးမယ်..အမှတ် ၄ တပ်မကြီးအတွက် ချင်းတွင်းမြစ် ကြောင်း ကနေ နေ့စဉ် ရိက္ခာတန် ၅၀၀ လှေတွေနဲ့ ပို့ပေးချင်တယ်ဗျာ...ဒါပေမဲ့ ခင်ဗျားကို ဒီသစ်တောတွေနဲ့ ဒီမြစ်ကလွဲပြီး တခြား ဘာမှပေးစရာမရှိဘူး..အချိန်ကလဲ ၂ လပဲ ရမယ် လို့ပြောလိုက်တယ်.ကျွန်တော် ဒီနေရာမှာပြောချင်တာက အင်ဂျင်နီယာ တပ်မှူးရဲ့ အဖြေစကားကိုပါ......အားမာန်အပြည့်ရှိလို့ အဲဒီ စကား ကို အရမ်းကြိုက်တယ်. .အင်ဂျင်နီယာတပ်မှူးက ....
ဗိုလ်ချုပ်ကြီးခင်ဗျား ခက်ခဲတဲ့အလုပ်ဆို ကျွန်တော်တို့ချက်ချင်းပြီးအောင်လုပ်မယ်၊ မဖြစ်နိုင်တဲ့အလုပ်ဆိုရင်တော့ အချိန် နည်းနည်းယူပါမယ်၊ လူသာမန်တွေ မလုပ်နိုင်ဘဲ တန်ခိုးရှင်များသာ ဖန်ဆင်းမှရမဲ့အလုပ်မျိုးဆိုရင်တော့ အချိန်တစ်လယူရပါမယ်“
..တဲ့.တကယ်အားကျစရာကောင်းတယ်ဗျာ.အင်ဂျင်နီယာ တပ်မှူး Bill Hasted ဟာ အိန္ဒိယ ကအလုပ် သမားတွေ ကို လေယာဉ်နဲ့ခေါ်၊ သစ်တောထဲကသစ်တွေခုတ်ဆင်တွေနဲ့ဆွဲ၊ လှေထွင်း၊ လှေမှာ ကားအင်ဂျင်တွေတပ် နဲ့လုပ်လိုက်တာ နောက်ဆုံးတော့ ဗိုလ်ချုပ်ကြီး William Slim လိုချင်တဲ့အချိန်မီ အောင်မြင်သွားတယ်သတဲ့
William Slim ရဲ့ Defeat into Victory ထဲက ကိုးကားဖော်ပြတာပါ