Sunday, January 27, 2008

မင်း-၃


ကျောင်းမှာ William Shakespeare ရေးတဲ့ Mac Beth ကို သင်ရတော့...
စုန်းမကြီးသုံးယောက်ရဲ့ prophecies ပေးတဲ့ scene မှာ..
မင်းက ရယ်ခဲ့သေးတယ်...
ကိုယ်လည်း မင်းနဲ့ လိုက် ရယ်ခဲ့တယ်...


မင်းဟာ SARS ရောဂါထက် ကြောက်စရာကောင်းတဲ့သူလို့
သူငယ်ချင်းတွေကသတိပေးတဲ့အကြောင်း မင်းကို ကိုယ်ပြောပြတော့
မင်းက ရယ်ပြန်တယ်...
ကိုယ်လည်း မင်းနဲ့ လိုက် ရယ်ခဲ့တယ်...

မနေ့က ပုဂံလမ်း မှာမင်းနဲ့တွဲလျှောက်တုံး...
ပင်လယ်ကိုကျော်ပြီး အဝေးကိုထာဝရ သွားတော့မယ်လို့..
ကိုယ့်မျက်နှာကိုစေ့စေ့ကြည့်...ခေါင်းမငုံ့ဘဲ မင်းပြောထွက်တယ်...
ပြီးတော့မင်းရယ်တယ်...
ကိုယ်လည်း မင်းနဲ့ လိုက် ရယ်ခဲ့တယ်...

အံ့သြ ၀မ်းနည်း...
ကြေကွဲပေမဲ့...
ကိုယ်လည်း မင်းနဲ့ လိုက် ရယ်ခဲ့ပါတယ်...

2 comments:

Anonymous said...

du yay tel poem lay lel hin?? tarpiz lay tot hote mel ma htin wow :)

ThinkingHoney said...

ကောင်းလိုက်တာ
ရယ်တဲ့အကြောင်းကို ငိုချင်အောင်ရေးတတ်တယ်နော်...