Saturday, February 9, 2008

Revenge.........


"...တိုက်ပွဲညံဆဲ၊ သံခဲသံဆူး၊

ယမ်းဘီလူးတို့၊ ဟူးဟူးဟုန်းဟုန်း၊

ဝုန်းခနဲလျှင်၊ ငလျင်ပမာ

သိမ့်သိမ့်ခါဘိ၊ ကြမ္မာဆိုးနှောက်၊

မိုးသို့မြှောက်၍၊ အောက်သို့ကိုင်ရိုက်၊

မြေသို့စိုက်ကျ၊ နာကျင်လှရှင့်၊

ဖြစ်သဖြင့်ကြောင့် အသားနှင့်အရိုး၊

ပိုင်းပိုင်းကျိုးကြေ၊ သွေးတွေဖြိုင်ဖြိုင်

မထိန်းနိုင်သော်၊ ယိုင်လဲကွဲပြို

ရဲဘော်ငိုရှင့်၊ သူ့ကိုပွေ့ကာ

ပြုစုပါလည်း၊ နာရှာလူးလှိမ့်၊

တလိမ့်လိမ့်တည့်၊ ဖြေသိမ့်မပိုင်

စိတ်မခိုင်တော့၊ ဆုပ်ကိုင်လက်နက်၊

တက်ခေါက်ထွက်၊ လက်စားချေရန်၊

အဓိဋ္ဌာန်လျှင်၊ မာန်တပွက်ဆဲ၊

အို…ကြေကွဲစွ…"



အချိန်စောကြွေလွင့်ကာအသက်စွန့်လှုခဲ့သော သူငယ်ချင်းများဖြစ်သည့် မျိုးမင်းချစ်၊ မင်းသန့် နဲ့ ပြည့်စုံစိုး တို့ကိုရည်ရွယ်ပါတယ်...

1 comment:

kyanyitthu said...

အချိန်စောစွာ ကြွေလွင့်သွားရှာတဲ့ တူလေးကို သတိရမိပါတယ်...နက်နဲခက်ခဲသော စကားလုံးများပါ...