"...တိုက်ပွဲညံဆဲ၊ သံခဲသံဆူး၊
ယမ်းဘီလူးတို့၊ ဟူးဟူးဟုန်းဟုန်း၊
ဝုန်းခနဲလျှင်၊ ငလျင်ပမာ
သိမ့်သိမ့်ခါဘိ၊ ကြမ္မာဆိုးနှောက်၊
မိုးသို့မြှောက်၍၊ အောက်သို့ကိုင်ရိုက်၊
မြေသို့စိုက်ကျ၊ နာကျင်လှရှင့်၊
ဖြစ်သဖြင့်ကြောင့် အသားနှင့်အရိုး၊
ပိုင်းပိုင်းကျိုးကြေ၊ သွေးတွေဖြိုင်ဖြိုင်
မထိန်းနိုင်သော်၊ ယိုင်လဲကွဲပြို
ရဲဘော်ငိုရှင့်၊ သူ့ကိုပွေ့ကာ
ပြုစုပါလည်း၊ နာရှာလူးလှိမ့်၊
တလိမ့်လိမ့်တည့်၊ ဖြေသိမ့်မပိုင်
စိတ်မခိုင်တော့၊ ဆုပ်ကိုင်လက်နက်၊
တက်ခေါက်ထွက်၊ လက်စားချေရန်၊
အဓိဋ္ဌာန်လျှင်၊ မာန်တပွက်ဆဲ၊
အို…ကြေကွဲစွ…"
အချိန်စောကြွေလွင့်ကာတိုင်းပြည်အတွက်အသက်စွန့်လှုခဲ့သော သူငယ်ချင်းများဖြစ်သည့် မျိုးမင်းချစ်၊ မင်းသန့် နဲ့ ပြည့်စုံစိုး တို့ကိုရည်ရွယ်ပါတယ်...
2 comments:
ကဗျာလေးတွေ ဖတ်သွားပါတယ်ဗျ။ အခုမှ လာဘူးတာဆိုတော့
နည်းနည်းခငျ်းစီပဲ ဖတ်သြွးတယ်ဗျ။
ဟာဗျာကဗျာဖတ်လိုက်တာ နင့်နေတာပဲ
Post a Comment