Friday, February 8, 2008

ပေါက်စီ နဲ့ Mc Donald ဖိုက်တင်ပွဲ.............

တရုတ်က အမေရိကန်ကို တော်တော်လေး အန္တရာယ်ပေးနိုင်နေပီ ...ဒါကတော့ အိမ်ဖြူဖြူကြီးက လူတွေရဲ့ လက်သုံးစကားလေ...ဖြစ်ပုံက ဒီလိုဗျ..တရုတ်ကသူ့မှာ နိုင်ငံခြားအရန်ငွေ(Foreign Exchange Reserve) ဒေါ်လာ ၁.၅ ထရီလီယံ (၁ ထရီလီယံက ၁ နောက်မှာ သုည ၁၂ လုံး ) ရှိတယ်...ဒီအထိကထားလိုက်ဦး ဘာပြသနာမှ မရှိသေးဘူး..ဒါပေမဲ့ ပေါက်ဖော်ကြီးတို့ အကွက်မြင်ပုံများကတော့ အဲဒီ့ Foreign Exchange Reserve တွေထပ်မံတိုးပွါး အောင်ဆိုပြီး Foreign Exchange Reserve ထဲက ဒေါ်လာ ဘီလီယံ ၂၀၀ ကို အရင်းပြုပြီး CIC ဆိုတဲ့ ကုမ္ပဏီ ကိုထူထောင်သတဲ့...ကိုပေါက်ဖော်တို့က ဒီတင်မရပ်သေးဘူးဗျား..အမေရိကန် stock ဈေးကွက်ထဲက Blackstone Group LP တို့ Morgan Stanley တို့လို ကုမ္ပဏီတွေမှာ CIC ကရှယ်ယာတွေ ၀ယ်ပါလေရော....ကိုယန်ကီးတို့ခင်မျာ ဆွေ့ဆွေ့ကိုခုန်လို့...နဂိုကတည်းကိုက ပေါက်ဖော်ကြီးနဲ့ဈေးရောင်း ဈေးဝယ်မှာ အမေရိကန်က ဒေါ်လာ ၂၈၀ ဘီလီယံရှုံးနေတာ....ဒီကြားထဲ Made in China ပေါချောင် မကောင်းတွေကြောင့် ကိုရွှေအမေရိကန်တို့ ဒုက္ခတွေရောက်....ဒီလို weather မ fine ပါဘူးဆိုမှ CIC က Foreign Exchange Reserve တွေလှိုင်လှိုင်သုံးပြီးဝင်လာတော့ တို့ယန်ကီးကြီး ဒေါသထွက်လိုက်တာများ ပြောမနေနဲ့တော့...ပေါက်စီ နဲ့ Mc Donald ဖိုက်တင်ပွဲက တော့ ၀မ်ချိုင်း နဲ့ ရွှေဓူဝံ ပွဲထက်ကြည့်ကောင်းမယ်ဗျို့..

P.S
ပေါက်စီ နဲ့ Mc Donald ဖိုက်တင်ပွဲတွေဆက်တင်ပြပါဦးမယ်

1 comment:

Anonymous said...

အရမ်း ကြိုက် တယ်ဗျို့