Wednesday, February 6, 2008

William Slim ရဲ့ ဉပမာ

ဒုတိယကမ္ဘာစစ်အတွင်း အင်ဖာတိုက်ပွဲပြီးတော့ ဗြိတိသျှ အမှတ် ၁၄ တပ်တော်က မြန်မာနိုင်ငံကို ပြန်ထိုးစစ် ဆင်တယ်..အမှတ် ၁၄ တပ်တော် အောက်က အမှတ် ၄ တပ်မကြီးဟာ ချင်းတွင်းမြစ်ကိုဖြတ်ပြီး ဧရာဝတီမြစ်ဆီ ချီတက်နေတယ်.ဒီတပ်တွေကို ဘယ်လို ထောက်ပံ့ပေးရမလဲ ဆိုတာဟာ အမှတ် ၁၄ တပ်တော်မှူး ဗိုလ်ချုပ်ကြီး William Slim အတွက် ခေါင်းခဲစရာပေါ့ .ကားလမ်းကမကောင်း .လေယာဉ်ကမလောက် .တပ်တွေ က စစ်ပန်း နယ်မြေကကြမ်း...ဒါနဲ့ ကြံရာမရတဲ့အဆုံး ဗိုလ်ချုပ်ကြီး William Slim ကသူ့ရဲ့ အင်ဂျင်နီယာတပ်မှူးကို ခေါ်လိုက်တယ် ပြီးတော့...ခင်ဗျားကိုကျွန်တော်တာဝန်ပေးမယ်..အမှတ် ၄ တပ်မကြီးအတွက် ချင်းတွင်းမြစ် ကြောင်း ကနေ နေ့စဉ် ရိက္ခာတန် ၅၀၀ လှေတွေနဲ့ ပို့ပေးချင်တယ်ဗျာ...ဒါပေမဲ့ ခင်ဗျားကို ဒီသစ်တောတွေနဲ့ ဒီမြစ်ကလွဲပြီး တခြား ဘာမှပေးစရာမရှိဘူး..အချိန်ကလဲ ၂ လပဲ ရမယ် လို့ပြောလိုက်တယ်.ကျွန်တော် ဒီနေရာမှာပြောချင်တာက အင်ဂျင်နီယာ တပ်မှူးရဲ့ အဖြေစကားကိုပါ......အားမာန်အပြည့်ရှိလို့ အဲဒီ စကား ကို အရမ်းကြိုက်တယ်. .အင်ဂျင်နီယာတပ်မှူးက ....

ဗိုလ်ချုပ်ကြီးခင်ဗျား ခက်ခဲတဲ့အလုပ်ဆို ကျွန်တော်တို့ချက်ချင်းပြီးအောင်လုပ်မယ်၊ မဖြစ်နိုင်တဲ့အလုပ်ဆိုရင်တော့ အချိန် နည်းနည်းယူပါမယ်၊ လူသာမန်တွေ မလုပ်နိုင်ဘဲ တန်ခိုးရှင်များသာ ဖန်ဆင်းမှရမဲ့အလုပ်မျိုးဆိုရင်တော့ အချိန်တစ်လယူရပါမယ်“

..တဲ့.တကယ်အားကျစရာကောင်းတယ်ဗျာ.အင်ဂျင်နီယာ တပ်မှူး Bill Hasted ဟာ အိန္ဒိယ ကအလုပ် သမားတွေ ကို လေယာဉ်နဲ့ခေါ်၊ သစ်တောထဲကသစ်တွေခုတ်ဆင်တွေနဲ့ဆွဲ၊ လှေထွင်း၊ လှေမှာ ကားအင်ဂျင်တွေတပ် နဲ့လုပ်လိုက်တာ နောက်ဆုံးတော့ ဗိုလ်ချုပ်ကြီး William Slim လိုချင်တဲ့အချိန်မီ အောင်မြင်သွားတယ်သတဲ့

William Slim ရဲ့ Defeat into Victory ထဲက ကိုးကားဖော်ပြတာပါ


No comments: